Monday, September 24, 2007

တောင်းပန်ပါရစေ

အင်း..............blogမှာpost ကို19ရက်နေ့ကတင် ထား တာဆိုတော့ postအသစတင် သင့်နေပါပြီ။cbox မှာ လာအော်ကြတဲ့ သူငယ်ချင်းတွေ ကိုရောအပြင်မှာလာပြောကြတဲ့သူငယ်ချင်းတွေကိုအရမ်းအားနာပါတယ် ။ နီလာကစာသင်တဲ့လုပ်တွေနည်းနည်းရူပ်နေပြီးအတန်းချိန်တွေက ဆက်နေလို့ပါ။ တစ်ပတ်ကိုတစ်ခါလောက်မှ အသစ်တင်နိုင်တဲ့အတွက်postကျဲတာလေးကိုတော့ခွင့်လွှတ်ပေးကြပါလို့ .နီလာpostတွေကိုလာအားပေးကြတဲ့ လူတွေလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်။နီလာကလည်းတစ်ပတ်ကိုအနည်းဆုံးအသစ်နှစ်ခုလောက်တော့ တင်နိုင်အောင်ကြိုးစားပါမယ့်လို့ :)

Wednesday, September 19, 2007

ထားရမယ့်သတိတစ်ခ

နီလာတို့အိမ်နားလေးမှာအလှကုန်တွေရောမုန့်တွေပါရောင်းတဲ့ဆိုင်ကြီးတစ်ဆိုင်ရှိတယ်။ဆိုင်ကတော်တော် ရောင်းရတာတွေ့ရပါတယ။်အဲဒီမှာနီလာလည်းမုန့်သွားဝယ်တုန်းအလှကုန်လာဝယ်တဲ့လူကိုတွေ့လိုက်တယ်။ လာဝယ်တဲ့လူက မျက်နှာလိမ်းတဲ့နို့ရေကိုလာဝယ်တာ အဲဒီလူဝယ်တဲ့ပစ္စည်းက မျက်နှာခြောက်သွေ့တဲ့ လူအတွက်ရယ်၊အဆီပြန်တဲ့လူအတွက်ရယ်အတွက်နှစ်မျိုးထုတ်ထားတာအဲဒီမှာတင်ဆိုင်ရှင်ကအလှကုန်ရဲ့ အညွှန်းကိုမှားပြီး ရောင်းနေတာကိုတွေ့လိုက်ရတယ်။ တော်တော်ကို အူယားစရာကောင်းတာပဲ……....... လာဝယ်တဲ့လူကမျက်နှာခြောက်သွေ့လို့သုံးချင်တာသူရောင်းလိုက်တာတဲ့ဟာက မျက်နှာအဆိပြန်လို့ ချောက်သွေ့ချင်ရင်လိမ်းတဲ့ဟာ။ ထုတ်တာကမှဒါလေးနှစ်ခုထုတ်တာသူကမှာပြီးရောင်းတော့သွားရောပေါ့၊ တစ်ကယ်ဆိုသူက ရောင်းတဲ့လူပဲ အညွှန်းကိုcompanyက လူတွေလာတဲ့အခါသေချာမေးထားပေါ့။မသိဘူး ဆိုလည်းမသိဘူးမပြောဘူး၊၀ယ်တဲ့ လူကလည်းသေချာဖတ်မ၀ယ်…....မဖတ်တတ်လို့လားလည်းမသိပါဘူး။ နီလာလိုသာဆိုအညွှန်းကိုကြည့်ကတည်းကသိပြီ။အဲဒါကိုကြည့်ပြီးနီလာတို့အလှကုန်ဝယ်တဲ့အခါ ကိုယ်တိုင်ပဲ အညွှန်းကိုသေချာဖတ်ကြည့်ဖို့လိုလာပါပြီ။တော်ကြာမှားဝယ်မိမှဒုက္ခ..........နီလာလည်းဝယ်တဲ့သူပြန်မှ ဆိုင်ရှင်ကို ပြောလိုက် ပါသေးတယ်။ နောက်ထပ်မှာရောင်းမှာစိုးရိမ်လို့ပါ…... အားလုံးကလှချင်ကြတဲ့ လူတွေချည်း ဆိုတော့နီလာကဒီpost လေးတင်ပြီး သတိပေးလိုက်တာပါ။


Tuesday, September 18, 2007

ရာသီမသိပန်းနဲ့ညို

သြော်….ဒီနေ့အိမ်ရှေ့က ပိတောက်ပင်မှာ ပိတောက်ပန်းတွေ ပွင့်တာမြင်တော့blogမှာpost တင်ချင်စိတ်ပေါက်လာရော.ပိတောက်ကိုလူတွေကတစ်နှစ်တစ်ခါပွင့်တပန်းလေးမို့မြတ်မြတ်နိုးနိုးတန်ဖိုးထား ကြတာအခုတော့သူက တစ်နှစ်တစ်ခါသာပွင့်တဲ့ရာသီပန်းမဟုတ်တော့ပါလားနော်။ အရင်ကတော့ ”လတန်ခူးပေမို့အလှထူးပါဘိမြမြဖူးရယ်တဲ့ခိုင်ရွှေဝါ”ရယ်လို့စာဆိုတောင်ရှိတယ်မဟုတ်လားအခုလိုအချိန်မှာ်စာဆိုရှင်သာရှိရင်ပွင့်ချင်တိုင်းပွင့်နေတဲ့ပိတောက်ကိုသာမြင်ရင်ဘယ်လိုများစာဖွဲ့ဦးမလဲမသိဘူးနော်ရာသီမသိစာနဲ့ညိုလို့ဆိုတဲ့စာမှာတောင်ပိတောက်ကမပါလောက်တော့ဘူး။ဘာပဲပြောပြောအခုချိန်ထိပိတောက်ကိုမြင်ရင် တော့လိုချင်တဲ့လူတွေရှိနေတုန်းပါပဲ၊မိန်းကလေးတွေဆိုရင်လည်းနှစ်သက်နေကြတုန်းပါပဲဒါပေမယ့်နီလာကတော့ သူကိုတစ်နှစ်တစ်ခါပဲပွင့်တာကိုမြင်ချင် နေမိတယ် ။

Friday, September 7, 2007

တန်ဖိုးအထားသင့်ဆုံးနှင့်တန်ဖိုးအရှိဆုံးအရာ

မနေ့ကနီလာတို့မုန့်သွားစားတော့မုန့်ဆိုင်ရှေ့မှာတောင်းစားတဲ့ မိသားတစ်စုကိုတွေ့လိုက်ပါတယ်။ တောင်းတဲ့ ကလေးတွေကဆိုင်မှာလာစားတဲ့လူတွေဆီကနေ တောင်းလို့ရသမျှကို အမေအမေဆိုပြီးတော့သူတို့အမေဆီ ကိုသွားသွားကျွေးတာကိုတွေ့ရတယ်။နီလာစိတ်ထဲမှာ”စုန်ရေ၊ဆန်ရေ”ဆိုတဲ့အတွေးတစ်ခုရောက်လာပါတယ။် အဲဒီအတွေးနဲ့အတူနီလာတို့ပတ်ဝန်းကျင်မှာတစ်ခါတစ်ရံတွေ့နေရတက်တဲ့မိဘအပေါ်ရိုင်းပြစွာဆက်ဆံတက်တဲ့ ၊မိဘအပေါ်နားမလည်တဲ့၊ မိဘကို ပြန်အော်တဲ့၊ မိဘနဲ့အမြဲရန်ဖြစ်တဲ့၊ တန်ဖိုးထားရိုသေမူမရှိတဲ့သားသမီးများ အကြောင်းအတွေးရောက်သွားပါတယ်။အဲဒီလိုသားသမီးကတော့”ဘုန်းကြီးလို့အသက်မရှည်အသက်ရှည်လို့ ဘုန်းမကြီး”ဆိုတဲ့အမျိုးအစားတွေထဲကပေါ့။အဲဒီလိုလူမျိုးတွေက အပြင်ရောက်ပြီဆိုလည်းဘယ်သူနဲ့မှမတည့် အိမ်ထောင် ကျသွားပြီဆိုလည်းအိမ်ထောင်ရေး သာယာတယ် ဆိုတာ တစ်ခါမှ မကြားဖူးပါဘူး။ အမြဲစိတ်ညစ် နေရတာတွေ့ ရပါတယ်။မိဘနဲ့တောင်မတည့်တဲ့လူက ဘယ်သူနဲ့မှ တည့်ဖို့မလွယ်ပါဘူး။ တစ်ချို့ဆိုလည်း အိမ်ထောင်ကျပြီးမှမိဘတန်ဖိုးကိုအမြင်မှန်ရပြီးနားလည်လာတာကိုတွေ့ရပါတယ်။ကျွန်မအစ်မရဲ့သူငယ်ချင်း တစ်ယောက်ဆို“ငါတော့အဖေဆုံးသွားမှအဖေ့တန်ဖိုးကိုသိလာရတော့တယ်၊ဒါပေမယ့်ခုသိနေတဲ့အချိန်မှာ အဖေကတော့မရှိတော့ဘူး"လို့ အချိန်နှောင်းလို့ နောင်တတွေနဲ့ တမ်းတစွာ ပြောတာကိုကြားဖူးပါတယ်။ မိဘကိုရိုသေစွာလုပ်ကျွေးလို့ဒုက္ခရောက်ပါတယ်လို့ဆိုတဲ့လူကိုနီလာဖြင့်တစ်သက်နဲ့တစ်ကိုယ်တစ်ခါမှမတွေ့ဖူး ပါဘူးရှင်။မရိုသေလို့သာဒုက္ခရောက်တဲ့လူကိုသာမြင်ဖူးတွေ့ဖူးပါတယ်။ဒါတောင်အကြောက်အလန့်မရှိရိုင်းတဲ့လူကတော့ရိုင်းတာပါပဲရှင်။ဒါကြောင့်ကိုယ့်မှာရှိတုန်းသာပြုစုလုပ်ကျွေးလို့ရတဲ့ဘုရားနဲ့တစ်ဂိုဏ်းတည်းဖြစ်တဲ့ မိဘတွေကိုအားလုံးစိတ်ချမ်းသာအောင်ထား ပြီးတန်ဖိုးထား ရိုသေနိုင် ကြပါစေလို့................


Saturday, September 1, 2007

လက်ဦးဆရာသို့

မနေ့က blogdayမှာ တော်တော်ပျော်ပါတယ်။ ရောက်လာတဲ့ပရိသတ်က လည်းတော်တော် များပါတယ်။ အဲဒီနေ့ ကမဲနိုက်ပြီးမဲပေါက်တဲ့ blogger ကကိုယ့်blog အကြောင်း ပြောရတယ်။နီလာ မဲပေါက်လို့ ကိုယ့်blogအကြောင်းပြောရတဲ့အခါ နီလာရဲ့blogလက်ဦး ဆရာအကြောင်း အတွေးရောက်သွားပါတယ်။ အဲဒီနေ့ကလည်းစင်ပေါ်မှာ ဆရာအကြောင်းပြောလိုက်ပါသေးတယ်။အခုအမှတ်တရရေးလိုက်တာပါ။ နီလာရဲ့blogလက်ဦးဆရာကတော့ဦးရဲထွန်းအောင်ပါ။ ပြီးခဲ့တဲ့သင်္ကြန်မတိုင်ခင် တုန်းကမနလေးကို အလုပ်ကိစ္စုနဲ့လာပြီးလုံးဝမအားတဲ့ကြားကနေ blogကိုသင်ပေးခဲ့တာပါ။ blogတွေသင်ပေးပြီးတော့ နီလာတို့အကုန်လုံးကိုစက်မကိုင်ရင် blogမလုပ်ဖြစ်မှာစိုးလို့computerသုံးဖို့ဆိုပြီး စက်ကိုင်ဖို့် တစ်လကို၁၀နာရီစာအတွက် ဆရာက ပိုက်ဆံထုတ်ပေးနေတာအခုချိန်ထိပါ၊ ဆရာဘာလို့ ဒီလောက်အချိန်တွေငွေတွေ အကုန်ခံတာအဲဒီတုန်းက နားမလည်ပေမယ့်blogတွေလုပ်ရင်း
လုပ်ရင်းဆရာကျေးဇူးတွေကိုတော်တော်နားလည်လာပါတယ်။အခုလိုblogger:nilarthantဖြစ်အောင်
သင်ပေးခဲ့တဲ့ဆရာကျေးဇူးကိုတစ်ခြားတစ်ယောက်ကနီလာသန့်လို့ခေါ်လိုက်တိုင်း...... အောက်မေ့နေမှာပါ။ အမြဲလည်းကြိုးစားသွားပါ့မယ်ဆရာ..

Sunday, August 12, 2007

မီးမပါတဲ့ဆိုင်ကယ်ဆိုသတိထား

မနေ့ကနီလာတို့အိမ်ကိုအပြန် ကြုံရတဲ့အဖြစ်အပျက်လေးပါ ဇွတ်မောင်းလာတဲ့ ဆိုင်ကယ်တစ်စီးကို တစ်ခြားတစ်စီးကနေ မနည်းကပ်ရှောင်လိုက် ရပါတယ်မရှောင်နိုင်ရင် တစ်ကယ်ကိုအန္တရာယ်များပါတယ်။ အဲဒီဆိုင်ကယ်မှာမီးကလည်းမပါ အရှိန်ကလည်းမလျော့ ဆိုတော့ပိုဆိုးတာပေါ့၊ ညညမီးမပါတဲ့ဆိုင်ကယ်တွေကြောင့်တစ်ကယ်ကို စိတ်ညစ်ရပါတယ် မီးကလည်းမပါအရှိန်ကလည်း မလျော့သူတို့လိုစည်းမဲ့ကမ်းမဲ့တွေကြောင့်အန္တရာယ်အတွက်စိတ်ပူရတယ်။ အမယ်အဲဒီကိုယ်တော်ချောကတော့်တည်တည်ပဲ အရှိန်တောင်မလျော့ပဲမောင်းထွက်သွားပါတယ်။ ဘေးကလူတွေကတော့ဒီကောင် ကံကောင်းတယ်လို့ မှတ်ချက်ချကြပါတယ် သူဘယ်လောက်အထိကံကောင်းနိုင်မှာလဲလို့ တွေးရင်းသူလိုလူတွေများလာမှာတော့ တစ်ကယ်ကိုစိတ်ပူမိပါတယ်.......................


Wednesday, August 8, 2007

သမီးမလှချင်...

အလှအပတွေကိုစိတ်ဝင်စားတဲ့နီလာကနီလာလိုမလှချင်တွေအတွက်ဒီpostလေးကို တင်ပေးလိုက်တာပါ။ လှချင်လွန်းလို့ လုပ်လိုက်ပေမယ့် တစ်ခါတစ်ရံမှာမလှပဲ "ပြင်လွန်းလျှင်မလှ"သွားတက်တာကိုသိစေချင်လို့ပါ။ ပေါင်းတင်တာကို တော့အားလုံး သိ မှာပေါ့။ ပေါင်းတင်နည်းသေချာမသိ ဘဲပေါင်းတင်မိတဲ့ အမကြီးတစ်ယောက်ရဲ့ အမှားလို လိုက်မမှားမိစေချင်လို့ပါ။ သီးမွှေးငှက်ပျောသီး ကို ချေအနှစ်လုပ် မျက်နှာမှာလိမ်း ၁၅မိနစ်ခန့် ထားပြီး ရေဆေးလိုက်ရင်အသားအရေ တင်းရင်း ပြီးမှဲ့ခြောက်နဲ့ အမည်းစက် များ ကင်းစေနိုင်ပါတယ်။ အဲဒီနည်းအတိုင်း လုပ်ရင် တစ်ကယ်အသားလှစေပါတယ်။ အဲဒီ အမကြီးက မျက်နှာမှာအမည်းစက်လေး နည်းနည်းရှိတာကို ပျောက်ချင်လို့ဆိုပြီးနည်း ကိုသေသေချာချာမသိပဲ ငှက်ပျောသီးကို မဆေးပဲတစ်ညလုံး ထားအိပ် လိုက်တာ မနက်ကျတော့အမည်းစက်ရှိတဲ့နေရာလေးတွေမှာတင်းတိပ်လို ဖြစ်ကုန်တယ။်အစေး လောင်တဲ့သဘောရဲရဲလေးတွေ ဖြစ်နေတာပေါ့။ တန်ဆေးလွန်ဘေးတဲ့၁၅မိနစ်ခန့် ထားရုံ လေးနဲ့ မျက်နှာလှရမယ့်ဟာမလှတော့ပဲ အလှပျက်သွားတာပေါ့။အဲဒါကြောင့် ကြားရုံ၊ထင်ရုံသေချာ မသိတဲ့ နည်းတွေနဲ့ကိုယ်ရဲ့နုနယ်တဲ့မျက်နှာအလှကိုမပျက်ဆီး မိအောင်သတိထားမိဖို့လိုပါ တယ် အလှပျက်ဆီးပြီးမှတော်ပြီဆိုလို့မရတော့ဘူး။နုနယ်တဲ့မျက်နှာလေးအတွက်ကို အားလုံးဂရုစိုက်ဖို့ သတိပေးလိုက်ပါတယ်။


Tuesday, August 7, 2007

မရေးဖြစ်တဲ့ Blog post

Blog မှာpost မတင်ဖြစ်တာကို တစ်လလောက်ရှိပြီ။postကအသစ် မတင်ဖြစ် ပေမယ့်လည်း လိုတာရှိရင် blogကိုပြင် c box မှာသွားရေးဒီလောက်ပဲ လုပ်ဖြစ်တယ်။ postတင်ဖို့ အတွက်ရေးထားတာတွေကတော့ ကြွေးကျန်တွေဖြစ်နေတာပေါ့။ postအသစ်တင်ဖို့ အပြင်မှာ လာပြောတဲ့ သူငယ်ချင်းတွေရော C box မှာ လာရေးကြတဲ့ သူငယ်ချင်း တွေကိုရော အနည်းဆုံးတစ်ပတ်ကို post တစ်ခုလောက်တင်ပါမယ်လို့ :)


Sunday, June 24, 2007

13ရက် 6လ မိုးရွာခြင်း အမှတ်တရ


13ရက်နေ့ကမိုးတွေအရမ်းရွာတယ်။နီလာရဲ့(2:00to5:00)တန်းအချိန်ကိုလူမလာဘူးမှတ်နေတာ လူက တစ်ယောက်မှမပျက်ဘူး။ ဒီလောက်ရေတွေကြီး တာတောင်သင်တန်းမပျက်တဲ့အတွက်လည်း သူတို့ကို ချီးကျုးပါတယ်။သူတို့သင်တန်းမပျက်တဲ့အချိန်လေးစားမူကိုအမှတ်တရblogပေါ်တင်လိုက်တယ်။မှတ်တရလေးပေါ


Tuesday, May 22, 2007

Blogအတွက်post

Blog စစသင် ခြင်း မှာပထဦးဆုံးစအမေးခံရတဲ့ မေးခွန်းကတော့ “အမဘာအကြောင်း Postတင်ရင်ကောင်း မလဲတဲ့”အမှန်အတိုင်းဝန်ခံရရင် နီလာကိုယ်တိုင်Blog တွေကို စပြီး လုပ်တက်ခါစက ဆိုရင် ဘာအကြောင်းလေးများ postတင်ရင်ကောင်းမလဲ ဆိုတဲ့စိတ်ကူးတွေ၊ ဒီအကြောင်း အရာကိုတင်လိုက်ရင်ကောင်းပါ့မလားဆိုတဲ့ အတွေးတွေ ရှိတက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့လူတွေက ကိုယ်ရဲ့Blog ကိုဖတ်တော့မှာကိုး။Blog မှာpost တင်ဖို့အတွက်post ကို သိပ်စဉ်းစားမနေနဲ့လို့ပြောချင်တယ်။ဥပမာကိုယ်တင်မယ့် အကြောင်းအရာ၊ပွဲတော်စတာတွေကို post တင်နိုင်သလို၊ကိုယ့်ရဲ့စိတ်ကူး၊အမြင်၊ခံစားချက်တွေကိုလည်း post တင်လို့ရပါတယ်။Blog ကိုသိပ်ပြီးခက်ခဲတဲ့အရာလို့ မယူဆစေချင်သလို postတွေအတွက်လည်း သိပ်ပြီးဦးနှောက်မစားစေချင်ဘူး။ ဘာရေးရမှာမှန်းမသိလို့Postတင်ရမှာကြောက်နေတဲ့အဖြစ်လည်းမကြုံတွေ့စေချင်ဘူး။ အဲဒီတော့ မျက်လုံးလေးသာဖွင့်ကြည့်လိုက်ပါ။ နီလာတို့မြင်တွေ့နေရတာတွေဟာBlog မှာတင်ဖို့အတွက်post ကောင်းလေးတွေပါပဲ။

Friday, May 18, 2007

တိတ်လှည့်ပါ........တိတ်လှည့်ပါ

မန်းလေးမှာလေ မိုးတွေကပြီးခဲ့တဲ့ အပတ်ကလည်းရွာ အခုအပတ်လည်းရွာနဲ့ မုန်တိုင်းရှိလို့တဲ့ သူကတော့တရွာထဲကို ရွာနေတော့တာပဲ။သူရွာတာကအကြောင်းမဟုတ်ဘူး...IE-Connectionကအခြေနေက သိပ်မကောင်းဘူး တက်လိုက်ကျလိုက်နဲ့.. အခုအပတ်လည်းကြည့်လေရုံးဆင်းချိန်မှာပဲ နေ့တိုင်းရွာရွာနေတာ တရက်တလေလည်းမဟုတ်ဘူး။ ငါးနာရီရောက်ပြီဆိုရင် မိုးကတော့အချိန်မှန်ကိုရွာနေတာပဲ။မိုးရွာလို့ ရာသီဥတုကအေးပြီးနေလို့ကတော့ကောင်း ပါတယ် Butမရွာစေချင်တော့ဘူး။ ရုံးဆင်းရင်မိုးထဲပြန်ရလို့။ ညမှရွာမနက်ကျတိတ် ဘယ်လောက်ကောင်းမလဲ။ အားလုံးလဲအဆင်ပြေတယ်။ မန်းလေးမှာညနေတိုင်း ရွာတဲ့ မိုးရယ်တိတ်လှည့်ပါတော့ပဲပြောချင်တယ်။

Monday, May 14, 2007

ဂျပန်ရိုးရာကပွဲ

ဂျပန်-မြန်မာချစ်ကြည်ရေးအတွက်ကပြခဲ့တဲ့ ဂျပန်ရိုးရာကပွဲ ကတော့ပြီးသွားပါပြီ။မန်းလေးက အမျိုးသားကဇာက်ရုံ မှာကျင်းပခဲ့တာပါ။ချစ်ကြည်ရေးပွဲ ဆိုတော့လက်မှတ်က မေတ္တာလက်မှတ်ပေါ့ ငွေနဲ့ပေးဝယ်ရတာမဟုတ်တော့ ကြည့်ချင်တဲ့ လူတွေက လက်မှတ်ပေးတဲ့ဌာနကို သွားပြီးတော့လက်မှတ်ယူရုံပါပဲ။ ပွဲကြည့်ပရိတ် တွေလဲတော်တော်များပါတယ် ဂျပန်အကတွေက ဥပမာဂျပန်ထီးအကတို့ယပ်တောင်အကတို့ဆို လည်းတော်တော်လေးလှပါတယ်။ပရိတ်သတ် တွေက အရမ်းသဘောကျတာ တွေ့ရပါတယ်။ အဖေနဲ့ သူငယ်ချင်းတွေကတော့ ပွဲပြီးမှပြန်လာခဲ့တယ်။ ဂျပန်ရိုးရာကပွဲ တော.မန်းလေးက လူကြီးပရိတ်သတ်တွေကြားမှာ ပြောစမှတ်ကို တွင်ကျန်ခဲ့ပါတယ်

Sunday, May 6, 2007

NTGမှ ကလေးများနဲ Internet

NTG က ကလေးတွေက ဥာဏ်လည်း ကောင်းတယ်။စာကိုလည်း လိုချင်စိတ်ရှိကြတယ်၊ဒါပေမယ့်အစကတော့ အဆော့နည်းနည်းမက် တယ်။သူတို့ကို စာဘက်ပါအောင် ဆွဲခေါ်ရတယ်။အခုဆိုရင် သူတို့မှာကိုယ်ပိုင် blog နဲ။့E-mail တို့Search Engineတို့ ဆိုလည်း အရမ်းကို ကျွမ်းနေပြီ။ ၁၁ ရက်နေ့ဆို သင်တန်းကပြီးပြီ။ သူတို့လေးတွေ ရဲ့စိတ်ထဲမှာ သေချာသိသွား တယ်လို့အာမ ခံနိုင် တာကတော့ INTERNET ဆိုတာ လွယ်လွယ်လေး .....................

Thursday, May 3, 2007

bye bye ဆံပင်လေးတွေရေ...................

ဒီနေ့ဓာတ်ပုံလေး တစ်ပုံရိုက်တယ်။ဆံပင်ညှပ် အပြီးရိုက်တဲ့ပုံလေးပေါ့။ဆံပင်မညှပ်ခင်က ညှင်းသိုးသိုးနဲ့။ အမှန်တကယ်တော့ မညှပ်ချင်သေးပါဘူး။ဆံပင်အရှည်လေးတွေ ကိုနှမြောလို့။ ဖြောင့်ထားတဲ့ အကျိုးကျေးဇူးကြောင့် ဆံပင်တွေက အရမ်းကိုပျက်စီးနေပြီ။bye bye ဆံပင်လေးတွေရေ...................





Saturday, March 3, 2007

Three days in City Hall


Our service+ group took survey about internet people coming ICT festival.....Within 3 days,we could took about 1300 people...People interest this and we gave presents(internet cafe discount card) to people filling survey form...We was tired on these days but very happy and pleased........